Friday, April 24, 2015
Phone Events
ဒီ Lesson ကလည်း အရေးပါတဲ့ အကြောင်းတခုဖြစ်လိမ့်မယ်။ ဒီမှာက
Phone lib မှာ ပါတဲ့ PhoneEvents ကို ပြောမှာပါ။ ဖုန်းတလုံးမှာ ပြောင်းလဲနေတဲ့ Status တေကို Listen လုပ်နိုင်တဲ့ Events တေကို ဖန်တီးပေးပါတယ်။
သူ့ကို Phone Lib ကနေ ယူနိုင်ပီးတော့
Dim pe As PhoneEvents အာ့လိုမျိုး Declare လုပ်ယူနိုင်ပါတယ်။
Initialize လုပ်တဲ့အခါ နှစ်မျိုး ရှိပါတယ်။
pe.Initialize("Event အမည်") ဒါနဲ့
pe.InitializeWithPhoneState("Eventအမည်" , Phone Id ) ဒါပါ။
ရိုးရိုးနဲ့ initialize လုပ်ရင်တော့
ကျန်တဲ့ Event တေကို listen လုပ်နိုင်ပေမဲ့ Phone အ၀င်ကို Check နိုင်တဲ့ PhoneStateChanged Ebent ကိုတော့ Listen မလုပ်နိုင်ပါဘူး။
InitializeWithPhoneState နဲ့ ဆိုရင်တော့ Event တေအကုန် Listen လုပ်နိုင်မှာပါ။ ဒီ Example မှာတော့
withPhoneState နဲ့ပဲ Initialize လုပ်ပါမယ်။
အခု Example မှာ service Module ကိုပါ သုံးထားပါတယ်။ Service module က Background မှာ run နိုင်ပါတယ်။ Activity တေကတော့ app ကို ဖွင့်ထားတုန်းပဲ run တာပါ။ back ပြန်ထွက်လိုက်ရင် ရပ်ကုန်ပါတယ်။ ဒါကြောင့် Event တေကို listen လုပ်ဖို့အတွက် abc အမည်နဲ့ Service Module တခုကို ထည့်သုံးထားပါတယ်။
Dim PE As PhoneEvents
Dim PI As PhoneId
ပီးတော့ Initialize လုပ်တဲ့အခါ
PE.InitializeWithPhoneState("PE" , PI)
ဒလိုလုပ်ပါတယ်။
ပီးရင်တော့ အောက်မှာ Event တေကို Listen လုပ်နိုင်ပါပီ။
AirplaneModeChanged (State As Boolean, Intent As Intent)
ဒါက FlightMode ပွင့်နေလား ပိတ်နေလားဆိုတာကို Listen လုပ်ပါ။
BatteryChanged (Level As Int, Scale As Int, Plugged As Boolean, Intent As Intent)
ဒါကတော့ Battery Status ကို listen လုပ်ပါတယ်။
ConnectivityChanged (NetworkType As String, State As String, Intent As Intent)
ဒါက Connection ဖွင့်/ပိတ် ထားလားဆိုတာကို Listen လုပ်နိုင်ပါတယ်။
DeviceStorageLow (Intent As Intent)
Storage low ဖြစ်နေတဲ့အချိန်မှာ ပေါ်လာမယ့် Event ပေါ့
DeviceStorageOk (Intent As Intent)
ဒါက Storage Ok နေတဲ့ အချိန်
PackageAdded (Package As String, Intent As Intent)
app တခု Install လုပ်လိုက်တဲ့အချိန်မှာ ပေါ်လာမယ့် Event ပါ
PackageRemoved (Package As String, Intent As Intent)
ဒါက app တခု ဖြုတ်တဲ့အခါပေါ့
PhoneStateChanged (State As String, IncomingNumber As String, Intent As Intent)
ဒါက ဖုန်း Call state ပြောင်းသွားတဲ့အချိန် ဖြစ်လာမယ့် Events
ScreenOff (Intent As Intent)
ဒါက screen off တဲ့အခါ
ScreenOn (Intent As Intent)
ဒါက screen on တဲ့အခါ
SmsDelivered (PhoneNumber As String, Intent As Intent)
message ပို့လို့ delivered ဖြစ်သွားရင် ပေါ်လာမယ့် Events
SmsSentStatus (Success As Boolean, ErrorMessage As String, PhoneNumber As String, Intent As Intent)
ဒါက message status ကို ပြမှာ
Shutdown (Intent As Intent)
ဒါကတော့ Shutdown လုပ်ရင် ဖြစ်လာမယ့် Event ပါ။
ဒလိုမျိုး အထက်က အတိုင်း Event တေကို ထည့်သွင်းပီး Program တခု ဆီ run ခိုင်းလို့ရပ်တယ်။
example ထဲမှာတော့ message လေးတေနဲ့ပဲပြထားပါတယ်။
ဥပမာ
AirplaneModeChanged (State As Boolean, Intent As Intent)
ဒီ Event ကိုသုံးမယ်ပေါ့
Sub PE_ AirplaneModeChanged (State As Boolean, Intent As Intent)
ToastMessageShow(" Filght mode " & State , False)
End Sub
ဒလိုလေးပေါ့
စမ်းကြည့်လိုက်ပါ
example : http://pc.cd/wGj7
Subscribe to:
Post Comments (Atom)
No comments:
Post a Comment