Saturday, April 4, 2015

ဒီနေ့ မိမိ apk ရဲ့ Theme Style 3မျိုးထဲက ပြောင်းသုံးကြည့်ရအောင်။

ဒီနေ့ မိမိ apk ရဲ့ Theme Style 3မျိုးထဲက ပြောင်းသုံးကြည့်ရအောင်။
Origonal က Holo theme (သူက အမဲရောင်ရီး)
ပီးတော့ HoloLight (အဖြူရောင်)
Transparent (အကြည်)
ဒါလေးတေ ပြောင်းသုံးအတွက် မိမိ မှာ saveထားပီးသား Project တခုကိုပဲ ဖွင့်လိုက်ပါ။
Toolbar က Project >> Manifest Editor ကို ဖွင့်လိုက်။
စာကြောင်း လေးငါးကြောင်းလောက်ရှိပါတယ်။
SetApplication. . . . . . (android:theme, "@anndroid:style/Theme.Holo")
အာ့စာကြောင်းကို တွေ့ပါမယ်။ဒါက Default theme ပါ။
အခု Hololight လေးပြောင်းသုံးကြည့်ဖို့
Theme.Holo ဆိုတဲ့နောက်မှာ .Light လေး ထည့်ရေးလိုက်ပါ။
/Theme.Holo.Light အာ့လိုဖြစ်သွားမယ်။ စာလုံးအကြီးအသေးလွဲလို့မရဘူး။ပုံမှာလည်းကြည့်လို့ရပါတယ်။ ပီးရင်း Manifest Editor ကို ပြန်ပိတ်လိုက်ပါ။ Saveလုပ်ခိုင်းရင် Yes ပေါ့။ Run ကြည့်လိုက်ပါ။ အဖြူရောင် HoloLight theme ကိုတွေ့ရပါမယ်။ MessageBox ကအစ ဖြူရောင်ဖြစ်မှာပါ။
ဒလိုပဲ အကြည်လိုချင်
/Theme.Holo နေရာကို
/Theme.Translucent လို့ ပြန်ပီး save ပီး Run လိုက်ရင် မိမိ apk က နောက်ခံ စာမျက်နှာကို မမြင်ရတော့ပါဘူး။ ဖုန်းScreen နောက်ခံပဲမြင်ရတဲ့
Transparent Theme ကိုရမှာပါ
စမ်းကြည့်ပါဦး မပြေရင် ဒမာလာမေးပါ။
https://m.facebook.com/groups/316136215260862

No comments:

Post a Comment